Sunday, November 29, 2015

"အရည်​​ပျော်​​နေတဲ့ ငါ့ပစ္စုပ္ပန်​"

"အရည်ပျော်နေတဲ့ ငါ့ပစ္စုပ္ပန်"

•ဘဝဆိုတာ တစ်ကယ်တော့
ငါ့အတွက်
သံခြေချင်း ခတ်ခံထားရတာ

•ခြေလှမ်းတိုင်းအတွက်လည်း
အားသစ်တွေ ရမလားလို့
ကြိးစားမိပါရဲ့

•ဒါနဲ့ပဲ .....
တစ်နေ့ တစ်နေ့
နေထွက်တာထက်
နေဝင်တာ သာကြည့်ခွင့်တဲ့ ငါ့ဘဝ
တစ်ကယ်တော့
မလှပ ပါဘူးဗျာ

•အင်း.....
ဒီလို ဘဝထဲ
ဘယ်သူ ဝင်လာချင်မလဲလေ

•ဒီလိုနဲ့.....အတိတ်ဆိုတာလည်း
လွမ်းဆွေးရလွန်းလို့
အနာဂတ် ဆိုတာလည်း
မျှော်မှန်းရလွန်းလို့

•ငါ့ပစ္စုပ္ပန်ဟာ မကြာခဏ
အရည်ပျော်ရပြီလေ ....

No comments:

Post a Comment