Saturday, November 28, 2015

"ဂလက်​ဆီများ ၀န်းရံတဲ့...ည"

`ဂလက်ဆီများ´၀န်းရံတဲ့ည

Issolated system နဲ့
ရှင်သန်မဲ့ ငါ.........
တစ်မိုးအောက် တစ်ကမ္ဘာမှာတော့
လွမ်းဆွတ်ခြင်း ဒဏ်ရာနဲ့ဆိုတာ.....
အသေအချာ ပေါ့ ဗျာ............

ငါ့မျှော်လင့်ခြင်းပြက္ခဒိန်က
ရှင်သန်ခြင်းနေ့စွဲတို့
အကြိမ်ကြိမ် ပြိုကျလို့.........
နုပျိုခြင်းတွေ ကမ်းလင့်ဖို့ရာ.......
သက္ကရာဇ်တွေဖြိုချတာလဲ
ဆယ်ကမ္ဘာ တိုင်အောင်ပဲ...........

မိုးကောင်းကင်ထက်က.....
လင်းလက်တဲ့ ဂလက်ဆီတွေတောင်
ငါ့ကို အံ့သြရင်း........
သက်ပြင်းတွေ အခါခါ ချ...
မျက်တောင်ခတ်ဖို့...သတိမရ.......

အပြစ်ကင်းတဲ့ ငွေလမင်းလည်း......
ချစ်ခြင်းဖွဲ့ တေးသွားတစ်ပုဒ်ကို
တိမ်တွေဆီမျှောရင်း လိုက်လို့ဆို.........

ဒီလို ည မျိုး
အိပ်မက်ဆိုးက နိုးဖို့
ငါ့ကိုယ်ပိုင်မိနစ်တွေဖြိုလို့......
လမင်းနဲ့တိမ်ယံကြားက
ကြယ်စင်များနဲ့သံစဉ်ဆိုရင်း.....
မိုးအလင်း...ကခုန်လိုက်ချင်ရဲ့..........

No comments:

Post a Comment