Saturday, November 28, 2015

"ကထိန်​ပွဲ​တော်​ ဒို့နွဲ​ပျော်​"

"ကထိန်ပွဲတော်....ဒို့နွဲပျော်"

လတန်ဆောင်တိုင်
ရွှန်းမြိုင်ပါလို့.....
တို့တောင်သူလယ်ရိတ်သိမ်းတယ်
ပြုံပျော်စရာပဲ...........။

စပါးပေါ်ချိန် တောင်သူမော်လို့
လက်ဖျားပေါ် ငွေပျော်တတ်တာမို့
အလှူရေစက် လက်နဲ့မကွာ
စေတနာသဒ္ဒါထက်သန်လို့
တို့တောင်သူစေတနာမျိုး
မရိုးကုန်နိုင်ပဲ...........။

အိုးစည်ဒိုးပတ်သံ ဆူဆူညံနဲ့
ကထိန် အလှူပွဲ ခြိမ့်ခြိမ့်သဲ
ကျင်းပမြဲ.. တို့ရိုးရာ......
အစဉ်အလာကိုထိန်းသိမ်းပါ..........

အလှူမင်္ဂလာ ကုသိုလ်များ
ဘုရားကျောင်းကန် ရိပ်ခိုလို့
အေးရိပ်မှာ...နား.....

No comments:

Post a Comment