Friday, February 5, 2016

မင်္ဂလာပါ........

"မင်္ဂလာပါ"

နေ့တဓူဝ .......
ရုန်းကန်​လှုပ်​ရှား အန္တရာယ်​ကြား
"ဗျာပါဒ" များ..လွန်းလို့.........
"​သောက"​တွေ ​ဘေးချိတ်
မ​မှေးမှိတ်​ခင်​ ခဏမှာ.........
အလှတရား​တို့စု​ဝေးရာ
စွဲမက်​စရာ့ ​ဤမြေကမ္ဘာ.........
မြင်​ လှည့်​စမ်းပါ ဗျာ...............။

မ​သေချာ မ​ရေရာနဲ့.........
ဝေဒနာ​တွေ ​ထွေခင်းပြ​​နေလဲ.....
ဖြေသာစရာမှ မရှိပဲ....​.......။

"​လောကပါလတရား" လက်​ကိုင်​ထားလို့
ချိုလွင်​တဲ့ စကား............
ကြည်​ရွှင်​တဲ့ အပြုံး...........
စိတ်​နှလုံး​ ပီတိ ဖုံး​စေဖို့........
အစဉ်​အပြုံးနဲ့ ကြိုမယ်​...............။

နေဝင်​ဆည်းဆာ ဒီချိ​န်​ခါ.........
သူငယ်​ချင်းများ
ကြည်​သာအလှ ရင်​မှာ​အေးမြ​စေဖို့
နှုတ်​ဆက်​ တယ်​ဗျာ........
မ... င်္ဂ..... လာ..........ပါ.............။

No comments:

Post a Comment