Saturday, February 6, 2016

အချစ်​မွန့်​တည့်​ချိန်​မှာ ဝင်​တဲ့..နှလုံးသား..​`နေ´

"အချစ်​မွန်းတည့်​ချိန်​မှာ ဝင်​တဲ့...နှလုံးသား​ `နေ´"

မွေးဖွားခြင်းနဲ့ ​သေဆုံးခြင်း ကြား...
ရှင်​သန်​ခြင်းရှိတယ်​ ဆို​တောင်​......
ငါ့ရှင်​သန်​ခြင်း တည့်​မတ်​​အောင်
အခါခါ ထိန်း​နေရ...............

ပဉ္စလက်​ဆန်​ဆန်
မှော်​ဝင်​အိပ်​မက်​တစ်​ချို့....
ငါ့​မျှော်​လင့်​ချက်​ ပြိုဆင်း​အောင်​လို့.....
အခါခါ ရိုက်​ချိုး​ခံရ.................

ဆုံးရှူံးခြင်း​နေ့စွဲတစ်​ချို့
ထာဝရ သိမ်းပိုက်​လို့......
ပစ္စုပ္ပန်​တည့်​တည့်​လျှောက်​ရင်း........
အနာဂတ်​ပြတင်း ​က​နေ
အတိတ်​ကို ငါ ..လွှတ်​ချမိရဲ့............

ကြားမိသလိုပဲ.....
အက်​တမ်​ထက်​ပိုတဲ့ ပြင်းအားနဲ့.........
အတိတ်​ရဲ့မျက်​ရည်​ကြားက
ရှင်​သန်​ခြင်းမဲ့ ငိုရှိုက်​သံကို...............

တိမ်​တိုက်​တို့ ပြို......
အလွမ်းမိုးတို့ ရွာလို့
မျှော်​လင့်​ခြင်းအင်​ပါယာ တစ်​ဝိုက်
မိုက်​မဲစွာ...နဲ့........
မင်းအချစ်​ မွန်းတည့်​ချိန်​ မှာ.........
ငါ့နှလုံးသား ​နေဝင်​တာ
မကြာမတင်​ပဲလေ...............။

No comments:

Post a Comment