Friday, January 22, 2016

"ကာရံမညီတဲ့ အိပ်​မက်​"

"ကာရံမညီတဲ့ အိပ်​မက်"

အနတ္တကာရံ​တွေသီကုံးလို့
ဒသန မဆန်​တဲ့ ဘဝနဲ့......
အလွမ်းရက်​​တွေ ရှည်​ကြာ​လို့လဲ........
ရင်​ကွဲပက်​လက်​နဲ့
ရှင်​ကွဲ ကွဲ​ရတဲ့....ငါ ...........။

မနက်​ဖြန်​ဆိုတဲ့အနာဂတ်​ကို
လှမ်း​မျှော်​ရလွန်းလို့.......
ငါ့နေ့ရက်​တစ်​ချို့
တစ်​ဖြုတ်​ဖြုတ်​​ကြွေကျ.........
ဒီအ​မှောင်​ယံ ည လည်း
ထာဝရ ဘယ်​လှနိုင်​ပါ့မလဲ.............။

အချစ်​ရဲ့နတ်​​နေကိုင်းမှာ
ခိုနားခွင့်​မှ မရှိပဲ........
မှော်​ဝင်​လက်​နဲ့
ပန်းခူးတဲ့ ငါ....
ခဏခဏ ဆူးစူးခံ​နေရ...............။

မျှော်​လင့်​ခြင်း​တွေမြိုသိပ်
အကြင်​နာမီး​တွေမှိတ်​.......
အလွမ်းခြုံထည်​​လေးနဲ့
အိပ်​မက်​ခရီးဆက်ဖို့​​ရာ..... အထီးကျန်​အိပ်​ယာထက်​မှာ.......
လမင်း​ရေ
ဒီ​ဆောင်းတစ်​ညလည်း
ငွေနှင်းမှုန်​ကြားခိုနားလို့.........
သံစဉ်​​တွေနဲ့​ချော့သိပ်
မှေးမှိတ်​ခွင့်​ပြုပါ...............။

No comments:

Post a Comment