Wednesday, January 6, 2016

အက်​စစ်​စားတဲ့ဆရာ

"အက်​စစ်​စားတဲ့ ဆရာ"

ဥာဏ်​မများနဲ့ကိုယ့်​လူ
အမှန်​တရားဆိုတာ........
တစ်​​နေ့ ​ပေါ်လာတတ်​စမြဲမို့........
အမှတ်​သည်း​ခြေ​လေး​ထားဖို့
ဆို လိုက်​ပါရ​စေ ဗျို့.............။

ဟန်​ဆောင်​လှည့်​ဖျား
စကား​တွေဆိုပြီး........
အပို​တွေဖြီးလို့
ကိုယ့်​ဖို့ချည်း မကြည့်​နဲ့...........။

ကျုပ်​သိ​တယ်
ပေးစရာရှိ​ပြေးပြီး.........
ယူစရာရှိမှ ကျူတဲ့အကျင့်
အတင့်​ရဲတတ်​တယ်​ဆိုတာ...............။

ထပ်​မကွဲချင်​ရင်​​တော့
အမှတ်​အမဲ​တွေကို........
မလှိမ့်တစ်ပတ်နဲ့ဆို
မင့်စိတ်ဓါတ်​​တွေပြင်​ဖို့ လို.................။

အရင်အတိုင်းပဲ
ထင်တိုင်းကြဲလို့ကေ​တာ့...........
မခင်​ချင်​တာ​သေချာသမို့.........
အ​ဝေးက​ရှောင်​ခွာလို့
မ​နှေးကြွပါစို့....​ဘော်​ဒါတို့.................။

သင်​​တွေ့ကြုံရ
မြင်​မြင်​သမျှလည်း......
လူအချည်းပဲ မမှတ်​နဲ့...........
လူမှု​ရေးရှိလို့
အခင်​အမင်​မပျက်​​ဖို့ ရာ...........
အားနာလို့ လိုက်​​လျောတာ
လူပီသ ​စမ်းပါ...............။

ခု​တော့
ကြားရ ကြုံရ......
လူပါး ဝလို့
နားဝမချမ်းသာ.......
သြော်​..........
တရား ရစရာ........
အက်​စစ်​စားဇာတ်​လမ်းမှ
ကို​​ရွှေ​​ဘော်​ဒါဆရာ...........။

No comments:

Post a Comment