Thursday, December 3, 2015

"ဥယာဉ်​မှူးရဲ့ ပန်းပျိုးလက်​"

"ဥယာဉ်​မှူးရဲ့ ပန်းပျိုးလက်​"

စွန်ကလေး ဝဲပျံဖို့ အတွက်
ငါက...ဆန်ကျင်ဘက်အရပ်က တိုက်ခတ်လာတဲ့လေပြေလေငြင်းလေးပဲဖြစ်ချင်တယ်...

ပန်းလေးတစ်ပွင့် ဖူးပွင့်ဖို့အတွက်
ငါက...ဥယာဉ်မှူးလေးပဲဖြစ်ချင်တယ်...

ရွှေငါးလေး  ပျော်မြှူး ဖို့အတွက်
ငါက...ရေပြင်ကျယ်ကြီးထဲ လွှတ်ပေးသူဖြစ်ချင်တယ်...

ငါက 'လေ' ဆို စွန်ကလေးကို ငါဦးတည်တိုက်ခတ်နေတဲ့ဆီ ခေါ်သွားဖို့မှမဟုတ်တာ...

ငါက 'ဥယာဉ်မှူး' ဆို ပန်းကလေးကို ငါပန်ဖို့ပျိုးခဲ့တာမှ မဟုတ်တာ...

ငါ့လက်ထဲရှိနေတဲ့ ရွှေငါးလေးက ငါအလှကြည့်နေဖို့ အတွက်မှ မဟုတ်တာ.....

လေ​ပြေတိုက်​တိုင်း
ပန်းရိုင်းတို့ ပွင့်​ဖို့
ငါ့လွတ်​လပ်​မှုကိုစ​တေးရင်း
စမ်း​တိုင်း ​အေးလို့
ပန်းတိုင်း ​မွှေးမြပါ​စေသား........။

No comments:

Post a Comment