"သံစဉ်မဲ့ လိပ်ပြာ"
•လိပ်ပြာတစ်ကောင်ရဲ့
တောင်ပံပြင်းပြင်း ခတ်သံနဲ့
ငါ......နိုးထလာတယ်..........
•အတ္တနဲ့ ပုံဖော်တဲ့ဘဝတွေကြား
အလိုက်သင့်စီးမျှောရင်းလေ
မာယာ နှုတ်ခမ်းတစ်စုံကြားက
အပြုံးတု စေညွှန်ရာ
ငါ .....စက်ကွင်းမိလေရဲ့..........
•အချစ်ရဲ့ နတ်နေကိုင်းမှာ
နားခိုခွင့် မရှိတဲ့ ငါ
သနားလောက်ပါရဲ့...............
•ဒီလိုနဲ့.....
လိပ်ပြာတစ်ကောင်ရဲ့
တောင်ပံပြင်းပြင်း ခတ်သံအောက်မှာ
ငါ့ နှလုံးသား ပွင့်ချပ်တွေ
ကြွေကျကုန်တယ်.........
•ပြီးတော့.....
သံစဉ်တွေ ပျောက်ရှကုန်တယ်........
•ဖြစ်နိုင်ရင်
လိပ်ပြာတစ်ကောင်
ငါ့အနား ပျံဝဲ မလာစေနဲ့.............။
No comments:
Post a Comment