Wednesday, December 2, 2015

"အို​အေစစ်​"

"အိုအေစစ်"

•အဝေးက
ဥသြဌက်ငယ်ရဲ့
အလွမ်းတေး ကျူးရင့်တဲ့ အသံကို
ငါ ……ကြားမိပြန်တယ်……

•စိမ်းလန်းတဲ့ တောအုပ်လဲ
အခုဆို မျက်နှာငယ်လို့
အရောင်တွေ လွင့်ပျယ်ကုန်တယ်……

•လေအဝေ့မှာ
ကြွေလွင့်တဲ့ သစ်ရွက်ခြောက်သံ က
မညီညာ သံစဉ် အပြည့်ပေါ့……

•ပူပြင်းတဲ့ ဒီရာသီမှာ
ဖုန်ထူထူ ကောင်းကင်ပြာနဲ့
မှိုင်းပျပျ မီးခိုးတွေ
တစ်လောကလုံး  ပြည့်လို့လေ……

•ခရောင်းလမ်း ခပ်ကြမ်းကြမ်းလဲ
နေမင်းကို အံတုရင်းနဲ့
ချွေးစို့ နေရှာတယ်……

•ဟိုး တောင်ခြေက
မြွေတစ်ကောင်လို ရစ်ခွေနေတဲ့
ကြည်မြမြ စမ်းချောင်းလေးက
မဲ့ပြုံး ပြုံးရင်းနဲ့……

•တတ်နိုင်သလောက်
သောကတွေ ခပ်ထုတ်ပေးရှာရဲ့
(ကြားမိသလိုပဲ)
အကြင်နာသံစဉ်တွေ ဆိုရင်းနဲ့လေ……

No comments:

Post a Comment