Thursday, December 10, 2015

"အသံမဲ့ ​ကြေကွဲခြင်း"

"အသံမဲ့ ​ကြေကွဲခြင်း"

ထားရစ်​ခဲ့​​ပေါ့...​မေ...
မကြင်​နာတဲ့အသဲ
မင်း...ခွဲထားရစ်​ခဲ့​လည်း.........
စွဲလမ်းစရာမရှိတဲ့ဘ၀မှာ
အထီးကျန်​ခြင်းဆိုတာ
ငါ့ဘ၀အ​ဖော်​မွန်ပါ............

ဘ၀ရဲ့​နေ့စွဲတစ်​ချို့....
အတိုးချ​ပျော်​ရွှင်​ဖို့............
အချစ်​နဲ့​မြှောက်​ကြည့်​တာလဲ
အကြွင်းသုည ပါပဲ..............

ကြုံလို့ပြောလိုက်​ပါရ​စေ..မေ.....
ရင်​ခုန်​စရာ ​မေ့မျက်​နှာက....
အကြင်​နာ အရိပ်​တို့
သေဆုံးတဲ့ ​နေ့တစ်​ချို့ဆို......... လွမ်းအ​ဆွေးတို့မျိုသိပ်​လို့
ကြိတ်​မှိတ်​ ငိုရတာလည်း
ညစဉ်​ရက်​ဆက်​ပါပဲ ..................

မခမ်းနားတဲ့ ဘ၀ထဲ........
ဝင်​မလာရဲတဲ့ ​မေ့ကို
အပြစ်​မဆိုရက်​တဲ့ ကိုယ်...........
မေ ​ပျော်​ရွှင်​​တာ မြင်​ရင်​ပဲ
ခွှင့်​လွှတ်​ခြင်းများစွာနဲ့
ငါ ​..ကျေနပ်​​နေ..ဆဲ....................

ရင်​ခုန်​သံခြင်း ထပ်​တူကျဖို့......
အချစ်​ဆိုတဲ့သင်​ခန်းစာ
မ​ကျေညက်​သ​ရွေ့​တော့..ငါ......
နှလုံးသားလမ်း​ကြောင်းမှာ
လဲကျတာလည်း ခဏခဏပါပဲ............

ဒီဘ၀​တော့ ........
အ​ဖြေမရှိတဲ့ပုစ္ဆာတစ်​ပုဒ်​ကို
တွက်​ရင်းနဲ့​စောင့်​လို့ကြို............
အိပ်​မက်​တို့ ကဗျာဖွဲ့လို့
အကြင်​နာမိုးသွန်းဖြိုးမဲ့နေ့ကို
မျော်​လင့်​ပါရ​စေ​တော့...ပျို................

Thursday, December 3, 2015

"​တောင်​ပံမဲ့လိပ်​ပြာ"

¦¦¦ 〖 တောင်ပံမဲ့လိပ်ပြာ〗¦¦¦
ကြည့်စမ်းပါ့ ¦¦¦ မေ ¦¦¦
ကောင်းကင်တစ်ခွင်လည်း ¦¦¦ ညို့လို့
တိမ်တွေလည်း ¦¦¦ ပြိုလို့နေတယ် ¦¦¦ ဟော¦¦¦ ပြောရင်းနဲ့ ¦¦¦ မိုးစက်တွေတောင် ခုန်ဆင်းလာပေါ့¦¦¦ ပန်းရနံ့တွေကြား ¦¦¦ ¦¦¦ ¦¦¦
ဆော့ကစားနေတဲ့  ¦¦¦ ¦¦¦ လိပ်ပြာမောင်နှံ ¦¦¦ နှစ်စုံတောင် ¦¦¦ ဟိုအဝေး ¦¦¦ ထွက်ပြေးပါပေါ့လား¦¦¦ လေညှင်းရဲ့နူးညံ့မှုနဲ့ ¦¦¦ ယိမ်းနွဲ့နေရှာတဲ့ ¦¦¦ ပန်းပင်လေးတွေတောင်မှ  ¦¦¦  လန့်လို့နေရှာရော့မယ် ¦¦¦ ပွင့်ဖတ်အလွှာကြားက ¦¦¦ ¦¦¦
အိပ်မောကျနေရှာတဲ့  ¦¦¦ ¦¦¦ ¦¦¦ ငါ့နှလုံးသား ¦¦¦ တစ်စုံကိုတော့¦¦¦ လိပ်ပြာလေးရယ် ¦¦¦ မနိုးပေးĵပါနဲ့ အကြင်နာမိုးတွေ ¦¦¦ သွန်းဖြိုးနေပါစေ
ပန်းအလှတောမှာပဲ¦¦¦
လွှမ်းဘ၀ ¦¦¦ အမောတွေ ¦¦¦ ပြေပါစေတော့ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦ ¦¦¦

"ဥယာဉ်​မှူးရဲ့ ပန်းပျိုးလက်​"

"ဥယာဉ်​မှူးရဲ့ ပန်းပျိုးလက်​"

စွန်ကလေး ဝဲပျံဖို့ အတွက်
ငါက...ဆန်ကျင်ဘက်အရပ်က တိုက်ခတ်လာတဲ့လေပြေလေငြင်းလေးပဲဖြစ်ချင်တယ်...

ပန်းလေးတစ်ပွင့် ဖူးပွင့်ဖို့အတွက်
ငါက...ဥယာဉ်မှူးလေးပဲဖြစ်ချင်တယ်...

ရွှေငါးလေး  ပျော်မြှူး ဖို့အတွက်
ငါက...ရေပြင်ကျယ်ကြီးထဲ လွှတ်ပေးသူဖြစ်ချင်တယ်...

ငါက 'လေ' ဆို စွန်ကလေးကို ငါဦးတည်တိုက်ခတ်နေတဲ့ဆီ ခေါ်သွားဖို့မှမဟုတ်တာ...

ငါက 'ဥယာဉ်မှူး' ဆို ပန်းကလေးကို ငါပန်ဖို့ပျိုးခဲ့တာမှ မဟုတ်တာ...

ငါ့လက်ထဲရှိနေတဲ့ ရွှေငါးလေးက ငါအလှကြည့်နေဖို့ အတွက်မှ မဟုတ်တာ.....

လေ​ပြေတိုက်​တိုင်း
ပန်းရိုင်းတို့ ပွင့်​ဖို့
ငါ့လွတ်​လပ်​မှုကိုစ​တေးရင်း
စမ်း​တိုင်း ​အေးလို့
ပန်းတိုင်း ​မွှေးမြပါ​စေသား........။

Wednesday, December 2, 2015

"နှလုံးသား​ဖြောင့်​ချက်​"

"နှလုံးသား ဖြောင့်ချက်"

•စိုးရိမ်တယ်မေ
အချစ်ရဲ့ဝေါဟာရကို......
ခုထိမဖွင့်ဆိုနိုင်ပဲ
တံခါးမဖွင့်ရဲဘူးလေ...........။

•အကျဉ်းစံငါ့နှလုံးသား
အခါခါရှူံးနိမ့်ပြန်လို့
အချစ်မဲ့ဘုံမှာ........
ဒဏ်ရာတွေပြည့်လို့သာ
မျက်နှာငယ်နေရှာ.............။

•မလာပါနဲ့ မေ
စည်းခြားတဲ့ဘ၀မို့........
ချစ်တတ်တဲ့စိတ်တို့
အခါခါရုပ်သိမ်းလို့ပဲ
လွှမ်းဆွေးမဲ့သူပါ..........။

•ထာဝရဆိုတာ
ငါ့အတွက်တော့......
အဖြေရှာမရတဲ့
ကျိန်စာတစ်ခုပါ............။

•ရနံ့ပျယ်နေတဲ့
ငါ့အချစ်တို့
အရောင်တွေခြယ်လို့.........
ကံကောင်းမဲ့တစ်နေ့
အချစ်နဲ့ဆုံတွေ့ဖို့ရာ.......
တိတ်တခိုးလေးနဲ့ ငါ
ဆုတောင်းနေဆဲပါ.............

"ပုံရိပ်​မဲ့ပန်း"

ပုံရိပ်မဲ့ "ပန်း"

•ပန်းတစ်ပွင့်
နမ်းခွင့်မရှိပေမဲ့
လှမ်းခွင့်လေးတော့ပေးလှည့်ပါ.....

•မဖြေသာ
အနေကြာလို့
သွေဖယ်ကာ
ဆယ်ကမ္ဘာခြားပြီထင့်
ရင်နှင့်အောင်ချစ်ရ သူ့ကို
မငြိုညင်ရက်ဘူးဆို.......

•မျှော်လင့်မထားဘူး....ပျို
မကြင်နာ
တမင်ရှောင်ခွာပြေးသမို့
တွေးရင်းအလွှမ်းစိတ်ကပို......
ဆွေးရိပ်မှာချွေးသိပ်လို့
စိုးထိတ်မိပေါ့....ကိုယ်......

•မိုးတို့ ညိုလေပြီ
လွမ်းမျက်ရည်စို့
မျက်ဝန်းစတို့
အငြိုးနဲ့ပြိုလေပြီ........

•မပြစ်မဆို
နှလုံးသားစစ်နဲ့
အရှူံးသမားအချစ်ကို
ကမ်းလင့်လို့............
ငါ့အလွှမ်းဇာတ်ဒီတင်ရပ်ဖို့
ကြိုလှည့်တော့......ပျို.................

"အို​အေစစ်​"

"အိုအေစစ်"

•အဝေးက
ဥသြဌက်ငယ်ရဲ့
အလွမ်းတေး ကျူးရင့်တဲ့ အသံကို
ငါ ……ကြားမိပြန်တယ်……

•စိမ်းလန်းတဲ့ တောအုပ်လဲ
အခုဆို မျက်နှာငယ်လို့
အရောင်တွေ လွင့်ပျယ်ကုန်တယ်……

•လေအဝေ့မှာ
ကြွေလွင့်တဲ့ သစ်ရွက်ခြောက်သံ က
မညီညာ သံစဉ် အပြည့်ပေါ့……

•ပူပြင်းတဲ့ ဒီရာသီမှာ
ဖုန်ထူထူ ကောင်းကင်ပြာနဲ့
မှိုင်းပျပျ မီးခိုးတွေ
တစ်လောကလုံး  ပြည့်လို့လေ……

•ခရောင်းလမ်း ခပ်ကြမ်းကြမ်းလဲ
နေမင်းကို အံတုရင်းနဲ့
ချွေးစို့ နေရှာတယ်……

•ဟိုး တောင်ခြေက
မြွေတစ်ကောင်လို ရစ်ခွေနေတဲ့
ကြည်မြမြ စမ်းချောင်းလေးက
မဲ့ပြုံး ပြုံးရင်းနဲ့……

•တတ်နိုင်သလောက်
သောကတွေ ခပ်ထုတ်ပေးရှာရဲ့
(ကြားမိသလိုပဲ)
အကြင်နာသံစဉ်တွေ ဆိုရင်းနဲ့လေ……

Tuesday, December 1, 2015

"အ​ရောင်​မဲ့ နှလုံးသား"

"အရောင်မဲ့ နှလုံးသား"

တစ်ကယ်ဆို......
မင်းမချစ်နိုင်မှန်း
ငါ...ကြိုသိနင့်ပေမဲ့......
တွယ်တာမှုနဲ့
သံယောဇဉ်ဖြစ်ခဲ့မိတာ
ငါ...မှားတာပါ..........။

အချစ်ဟာ
ပေးဆပ်ခြင်းသက်သက်မို့
မနှစ်သက်လို့
မင်း...စွန့်ပစ်လဲ
ငါ...ကျေနပ်ဆဲပါ............။

မဖြစ်နိုင်တဲ့ဘ၀မှာ....
ရင်နာနာနဲ့
ချစ်တဲ့မင့်ကို......
အပြစ်မဆိုပဲ
အဝေးကပဲ...ငါ
ကျေနပ်စွာချစ်နေမှာ..........။

ကာရံမညီတဲ့ဘ၀မှာ
အချစ်ဆိုတဲ့အရာ
မမျှတပါ.............။

ဲဒီဘ၀တော့
အချစ်ပန်းချီကားတစ်ချပ်
အနားမသတ်ပဲ......
စုတ်ချက်ကြမ်းကြမ်းနဲ့
ဆေးစက်ကျရာ......
စမ်းသပ်ခံရတဲ့...ငါ....
သနားစရာပါ.........။

"သံစဉ်​မဲ့ လိပ်​ပြာ"

"သံစဉ်မဲ့ လိပ်ပြာ"

•လိပ်ပြာတစ်ကောင်ရဲ့
တောင်ပံပြင်းပြင်း ခတ်သံနဲ့
ငါ......နိုးထလာတယ်..........

•အတ္တနဲ့ ပုံဖော်တဲ့ဘဝတွေကြား
အလိုက်သင့်စီးမျှောရင်းလေ
မာယာ နှုတ်ခမ်းတစ်စုံကြားက
အပြုံးတု စေညွှန်ရာ
ငါ .....စက်ကွင်းမိလေရဲ့..........

•အချစ်ရဲ့ နတ်နေကိုင်းမှာ
နားခိုခွင့် မရှိတဲ့ ငါ
သနားလောက်ပါရဲ့...............

•ဒီလိုနဲ့.....
လိပ်ပြာတစ်ကောင်ရဲ့
တောင်ပံပြင်းပြင်း ခတ်သံအောက်မှာ
ငါ့ နှလုံးသား ပွင့်ချပ်တွေ
ကြွေကျကုန်တယ်.........

•ပြီးတော့.....
သံစဉ်တွေ ပျောက်ရှကုန်တယ်........

•ဖြစ်နိုင်ရင်
လိပ်ပြာတစ်ကောင်
ငါ့အနား  ပျံဝဲ မလာစေနဲ့.............

"လမင်းသို့....တမ်းချင်း"

"လမင်းသို့တမ်းချင်း"
အတိတ်က ပန်းချီကားတစ်ချပ်
ပြည်ဖုံးကားချလိုက်ပေမဲ့
ဒဏ်ရာတွေအခုထိလတ်ဆတ်နေတုန်း...

အရှူံးသမားရဲ့ရလာဒ်ကို
အပြုံးနဲ့ သိမ်းပိုက်ထားတုန်းမို့
အမုန်းများစွာရိုက်ခတ်နေလဲ ငါ့နှလုံးသားကံကြမ္မာ စာမျက်နှာထက်မှာတော့
မျက်ရည်စတွေပြည့်လို့.....

ပူလောင်မှုတွေထွေးပွေ့ရလို့လည်း
မှောင်လွန်းတဲ့ညတွေ
ကုန်လွန်ခဲသလားလို့......
မရေရာတဲ့အနာဂတ်ကို
ဲ့ပြဇာတ်တစ်ပုဒ်လိုရေးရင်း
ကာရံတွေရောစပ်လို့လဲ
မကတတ်ခဲ့တဲ့ငါ........

တစ်ခါတလေတော့
လပြည့်ညကိုမျှော်လင့်မိရဲ့.....
လမင်းရဲ့အလင်းနဲ့အေးချမ်းမှုကို
ငါမြတ်နိုးတယ်
ငါ့အလွမ်းနိဂုံးအဆုံးသတ်ဖို့
လမင်းရေ.....
ဒီညလည်း
တိမ်တွေကြားရှောင်ပုန်းမသွားနဲ့လေ...