Thursday, February 18, 2016

အိပ်​မက်​ ​လေလံ

''အိပ်မက်လေလံ''

နှလုံးသားကင်းမဲ့ဇုန်က
အချစ်ငှက်တစ်ကောင် ရုတ်တရက်ထပျံ.......

နာရီသံဟာလည်း
နူးကလီးယားဗုံးလိုပဲ
ငါ့အတွေးစကို
အားမနာတမ်းနင်းချေလို့.........

မျှော်လင့်မထားတဲ့ ဒီညမှာ...
ပင့်သက် ရှိုက်သံကြား
မိုးလင်းသွားမှာတောင် စိုးရဲ့........

ရှူး  ...နားထောင်ကြည့်အုံး...
ကြယ်တွေရဲ့ချစ်တင်းနှောသံ
တိမ်ယံကြားကကျလာပြန်ပေါ့.........

လေနုအေးအေး..လည်း...
ည မွှေးပန်းရနံ့ကိုထွေးပွေ့လို့
ကြည်နူးနေလိုက်တာ...........

ပန်းပင်တွေ ကခုန်ဖို့တောင်
သံစဉ်တွေထုတ်မပေးနိုင် ဘူး.........

ငါ့အိမ်မက်မြစ်လည်း
အချစ် ရွက်လှေလွှင့်​နေကြပြီ...........

ဒီလိုညမျိုးနဲ့တရေးနိုးတဲ့ငါ....
(ဈေးမဆစ်နဲ့မိတ်ဆွေ)
ဖြစ်နိုင်ရင် (၁၅၀၀) နဲ့........
ငါ့အိပ်မက်တွေရောင်းချချင် တယ်........

Saturday, February 6, 2016

အချစ်​မွန့်​တည့်​ချိန်​မှာ ဝင်​တဲ့..နှလုံးသား..​`နေ´

"အချစ်​မွန်းတည့်​ချိန်​မှာ ဝင်​တဲ့...နှလုံးသား​ `နေ´"

မွေးဖွားခြင်းနဲ့ ​သေဆုံးခြင်း ကြား...
ရှင်​သန်​ခြင်းရှိတယ်​ ဆို​တောင်​......
ငါ့ရှင်​သန်​ခြင်း တည့်​မတ်​​အောင်
အခါခါ ထိန်း​နေရ...............

ပဉ္စလက်​ဆန်​ဆန်
မှော်​ဝင်​အိပ်​မက်​တစ်​ချို့....
ငါ့​မျှော်​လင့်​ချက်​ ပြိုဆင်း​အောင်​လို့.....
အခါခါ ရိုက်​ချိုး​ခံရ.................

ဆုံးရှူံးခြင်း​နေ့စွဲတစ်​ချို့
ထာဝရ သိမ်းပိုက်​လို့......
ပစ္စုပ္ပန်​တည့်​တည့်​လျှောက်​ရင်း........
အနာဂတ်​ပြတင်း ​က​နေ
အတိတ်​ကို ငါ ..လွှတ်​ချမိရဲ့............

ကြားမိသလိုပဲ.....
အက်​တမ်​ထက်​ပိုတဲ့ ပြင်းအားနဲ့.........
အတိတ်​ရဲ့မျက်​ရည်​ကြားက
ရှင်​သန်​ခြင်းမဲ့ ငိုရှိုက်​သံကို...............

တိမ်​တိုက်​တို့ ပြို......
အလွမ်းမိုးတို့ ရွာလို့
မျှော်​လင့်​ခြင်းအင်​ပါယာ တစ်​ဝိုက်
မိုက်​မဲစွာ...နဲ့........
မင်းအချစ်​ မွန်းတည့်​ချိန်​ မှာ.........
ငါ့နှလုံးသား ​နေဝင်​တာ
မကြာမတင်​ပဲလေ...............။

Friday, February 5, 2016

မင်္ဂလာပါ........

"မင်္ဂလာပါ"

နေ့တဓူဝ .......
ရုန်းကန်​လှုပ်​ရှား အန္တရာယ်​ကြား
"ဗျာပါဒ" များ..လွန်းလို့.........
"​သောက"​တွေ ​ဘေးချိတ်
မ​မှေးမှိတ်​ခင်​ ခဏမှာ.........
အလှတရား​တို့စု​ဝေးရာ
စွဲမက်​စရာ့ ​ဤမြေကမ္ဘာ.........
မြင်​ လှည့်​စမ်းပါ ဗျာ...............။

မ​သေချာ မ​ရေရာနဲ့.........
ဝေဒနာ​တွေ ​ထွေခင်းပြ​​နေလဲ.....
ဖြေသာစရာမှ မရှိပဲ....​.......။

"​လောကပါလတရား" လက်​ကိုင်​ထားလို့
ချိုလွင်​တဲ့ စကား............
ကြည်​ရွှင်​တဲ့ အပြုံး...........
စိတ်​နှလုံး​ ပီတိ ဖုံး​စေဖို့........
အစဉ်​အပြုံးနဲ့ ကြိုမယ်​...............။

နေဝင်​ဆည်းဆာ ဒီချိ​န်​ခါ.........
သူငယ်​ချင်းများ
ကြည်​သာအလှ ရင်​မှာ​အေးမြ​စေဖို့
နှုတ်​ဆက်​ တယ်​ဗျာ........
မ... င်္ဂ..... လာ..........ပါ.............။